နောက်တစ်ခါမွေးနေ့မှာ အရင်တစ်ခါ လို ပျော်ချင်ပါတယ်။  




မင်းခိုက်စိုးစံ

(၁)
သံယောဇဉ် အပူတွေနဲ့
(ငါ့ကို) နောက်သလို ပြောင်သလို
လာမလောင်ကျွမ်းပါနဲ့ကွယ်...။
အငွေ့ပျံပျောက်ကွယ်သွားမှာ
ငါ့ကိုယ်ငါ မစိုးရိမ်ပါဘူး ကောင်မလေးရဲ့
ကောင်းကင်မှာ ငွေ့ရည်ဖွဲ့ပြီး
မိုးအဖြစ်နဲ့ ပြန်ရွာချတဲ့အခါ....
ငါ့ကြောင့်
မင်းတစ်ကိုယ်လုံး စိုစွတ်မှာကိုပဲ စိုးတယ်။
(၂)
အိပ်မက်ဆိုတာ
ကိုယ့်စိတ်ကူးတွေက ကိုယ့်ကို ပြန်ပြောပြတဲ့ ပုံပြင်ပေါ့၊
ကောင်မလေးရေ....
မင်းရဲ့ လက်သည်းခွံတွေကို အရောင်ခြယ်ဖို့အတွက်
ငါဟာ ဆိုးဆေးတစ်ပုလင်း မဟုတ်ခဲ့ပါဘူး
(ငါ့ကို...)
ဆိုးလွယ်ဖျက်လွယ် သဘောမထားပါနဲ့
ငါ့အိပ်မက်တွေက မင်းကို ကျိန်ဆဲကြလိမ့်မယ်
(မင်းခိုက်စိုးစန် - နိုင်းနိုင်းစနေဘလော့မှ


0 comments

Post a Comment

Subscribe to: Post Comments (Atom)